On the day of the 2nd Panglong Union Peace Conference is taking place in Nay Pyi Taw, the displaced Karen people organized a public demonstration demanding the removal of the Burma Army camp from their ancestral lands, in order to facilitate their safe return and rehabilitation of their livelihoods.
Similarly as part of this demonstration, Karen IDPs in the Hpla Koh area of Mutraw District- displaced for over four decades- have already organized the same public demonstration on May 15th with the same demands.
The ongoing peace process and its mechanisms do not provide better security for the IDPs nor prevent the expansion of the Burma Army camps. Mutraw District/5th Brigade alone has seen the number of Burma Army camps increase from 65 to 81 since 2012. This increase in Burmese troops means that thousands of refugees or IDPs remain afraid to return to their homelands because they dare not live in areas that are under the Burma Army’s control.
The IDPs from Ee Tu Hta and Hpla Koh have demanded the following demands for fundamental changes that are needed for a safe, voluntary and dignified return.
(1) Burma Army camps must be withdrawn completely from our villages, farms, orchards and the roads to our homes. Specifically, there can be no return until the 17 Burma Army camps shown on the attached map are withdrawn.
(2) Land mines must be removed from our villages, farms, orchards and roads.
(3) An end to human rights violations, such as sexual abuse, forced labor, extortion, killing, and the destruction or confiscation of farms and orchards.
(4) The end of civil war in all ethnic areas of Burma
(5) A code of conduct that is properly monitored for government and ethnic military to uphold
(6) Refugee and IDP return should be a part of the peace agreement with a comprehensive and clear plan for the reintegration of IDPs and refugees, with IDP return as the first priority, which includes genuine participation of the affected populations.
(၂၄ မေလ ၂ဝ၁၇) ယနေ့တွင် ဒုတိယအကြိမ်မြောက်ပင်လုံညီလာခံကို နေပြည်တော်၌ ကျင်းပနေစဉ် ကရင်စစ်ဘေးဒုက္ခသည်များသည် ၎င်းတို့ယခင်နေရပ်ဌာနေသို့ လုံခြုံစိတ်ချ စွာပြန်သွာပြီး ဘဝတဖန်ပြန်လည်စတင်နိုင်ရန်အတွက် အတူတကွစုစည်းကာ မြန်မာ စစ်တပ်၏စစ်စခန်းများအား ၎င်းတို့၏ဘိုးဘွားပိုင်နယ်မြေဒေသများထဲမှထွက်ခွာပေးရန် လုပ်ရှားမှုတစ်ခုပြုလုပ်ကာ တောင်းဆိုခဲ့သည်။
အလားတူပင် ဖာပွန်ခရိုင်၊ ဖလာခိုဒေသအတွင်း ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်း ၄ဝ ကျော် နေရပ်စွန့်ခွာထွက် ပြေးပုန်းရှောင်နေရသည့် ပြည်တွင်းပုန်းရှောင်ဒုက္ခသည်တို့သည် ဤဆန္ဒထုတ်ဖေါ်တောင်းဆိုမှု၏အစိတ်အပိုင်းတစ်ခုအ ဖြစ် ယခုလ ၁၅ ရက်နေ့ကလည်း အလားတူဆန္ဒထုတ်ဖေါ်တောင်းဆိုမှုတစ်ခုကို ဖာလာခိုဒေသတွင်ပြုလုပ်ခဲ့သည်။
လက်ရှိငြိမ်းချမ်းရေးဖေါ်ဆောင်မှုနှင့်လုပ်ငန်းစဉ်များသည် ပြည်တွင်းပုန်းရှောင်နေထိုင်သူ IDP များအတွက် ပိုမို ကောင်းမွန်သောလုံခြုံမှုကို ဖေါ်ဆောင်ပေးခြင်းမရှိသလို မြန်မာစစ်တပ်၏ စစ်စခန်းတိုးချဲ့ချထားမှုကိုလည်း ဟန့်တားနိုင်ခြင်းမရှိပါ။ ဖာပွန်ခရိုင်/တပ်မဟာ (၅) နယ်မြေတစ်ခုတည်းအတွင်း၌ ၂ဝ၁၂ ခုနှစ်မှစတင်ပြီး ယခု အချိန်အထိ မြန်မာစစ်တပ်၏ စစ်စခန်းများ ၆၅ မှ ၈၁ နေရာအထိ တိုးမြင့်လာခဲ့သည်။ ဤကဲ့သို့ မြန်မာစစ်တပ် ၏တိုးမြင့်လာမှုကြောင့် ဒုက္ခသည် သို့မဟုတ် IDP ထောင်ပေါင်းများစွာသည် မိမိနေရပ်ဌာနေသို့ပြန်သွားရန် ကြောက်ရွံ့လျက်ရှိနေကြသည်။ အကြောင်းမှာ ၎င်းတို့သည် မြန်မာစစ်တပ်၏ထိန်းချုပ်မှုအောင်ရှိဒေသများအ တွင်း၌ နေထိုင်အသက်ရှင်ရန် ကြောက်ရွံ့နေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် အီးတူထ IDP ဒုက္ခသည်စခန်းနှင့် ဖလာခိုဒေသရှိ ဒုက္ခသည်များက ၎င်းတို့၏ကိုယ်ပိုင်ဆန္ဒဖြင့် ၎င်းတို့၏ နေရပ်ဌာနေသို့ဂုဏ်သိက္ခာရှိရှိဖြင့် လုံခြုံစိတ်ချစွာပြန်လည်နေထိုင်နိုင်ရန်အတွက် အဓိကလိုအပ် သောအောက်ပါပြောင်းလဲမှုများကို ဆောင်ရွက်ပေးရန်တောင်းဆိုလိုက်ပါသည်။
(၁) ကျွန်ုပ်တို့၏ ကျေးရွာ၊ တောင်ယာ၊ လယ်မြေ၊ ဥယျာဉ်ခြံနှင့် ကျွန်ုပ်တို့၏အိမ်ပြန်လမ်းတစ်လျှောက်ရှိ မြန်မာစစ်စခန်းများကို ရုတ်သိမ်းဖယ်ရှားပေးရန်၊ အထူးသဖြင့် ဖေါ်ပြပါမြေပုံထဲတွင်ပြသထားသည့် မြန် မာစစ်စခန်း ၁၇ ခုကို ရုတ်သိမ်းဖယ်ရှားပေးခြင်းမရှိပါက ဒုက္ခသည်နှင့် IDP များ နေရပ်ပြန်လည်နေ ထိုင်ရေးသည် မည်သို့မျမဖြစ်နိုင်ပါ။
(၂) ကျွန်ုပ်တို့၏ ကျေးရွာ၊ တောင်ယာ၊ လယ်မြေ၊ ဥယျာဉ်ခြံနှင့် လမ်းတစ်လျှောက်ရှိ မြေမြှုပ်မိုင်းများကို ဖယ်ရှားပေး ရန်။
(၃) လိင်ပိုင်းဆိုင်ရာအခွင့်အရေးစော်ကားချိုးဖေါက်မှု၊ အတင်းအဓမ္မခိုင်းစေမှု၊ အတင်းအဓမ္မဥစ္စာပစ္စည်း တောင်းယူမှု၊ သတ်ဖြတ်မှု၊ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေဖျက်စီးမှု သို့မဟုတ် သိမ်းယူမှု၊ ကဲ့သို့သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို အဆုံးသတ်ရပ်တန့်ရန်။
(၄) တိုင်းရင်းသားနယ်မြေအားလုံးတွင်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ရပ်တန့်အဆုံးသတ်ပေးရန်။
(၅) မန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှစ်ဦးနှစ်ဖက်လိုက်နာရမည့်စစ် ဖက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများကို သေချာစွာစောင့်ကြည့်လေ့လာရန်။
(၆) ဒုက္ခသည်နှင့် IDP များနေရပ်ပြန်လည်နေထိုင်ရေးသည် ပြည့်စုံရှင်းလင်းစွာရေးဆွဲထားသည့်ပြန်လည် နေရာချထားရေးအစီများပါဝင်သည့် ငြိမ်းချမ်းရေးသဘောတူညီမှု၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ဖြစ်ရ မည်ဖြစ်ပြီး IDP များနေရပ်ပြန်လည်နေထိုင်နိုင်ရေးကို ဦးစားပေးရမည်ဖြစ်ကာ ပြန်လည်နေရာချထား ခြင်း၏ဂယက်ရိုက်ခတ်မှုအားရင်ဆိုင်ရမည့်လူထုနှင့်တစ်ကွ စစ်မှန်သောပူးပေါင်းပါဝင်မှုရှိရမည် ။